
ဆရာကြီးပီမိုးနင်းက ကာမသိဒ္ဓိကျမ်း ဆိုပြီး စာအုပ်တစ်အုပ်ရေးသားခဲ့တယ်…ဆရာကြီးကတော့ ဆန့်ကျင်ဘက်လိင်တွေနဲ့ပတ်သက်ပြီး ပေါင်းသင်းဆက်ဆံရေးအဆင်ပြေစေဖို့ရည်ရွယ်ရေးသားခဲ့ပေမယ့်တစ်ချို့သော သူတွေအတွက် ညစ်ညမ်းစာပေသဘောမျိုးခံစားကြတာရှိတယ်…ဒီလိုပဲရုပ်ရှင်လောကမှာလည်း Lust, Caution , Rape me, Nymphomaniac စတဲ့ဇာတ်လမ်းမျိုးတွေဟာ ပညာပေးဇာတ်လမ်းတွေပါပဲ..သိတဲ့အတိုင်း အထက်ပါဇာတ်ကားများဟာ အတော်ပွင့်ပွင့်လင်းလင်းနဲ့ sex အခန်းပေါင်းများစွာပါလေ့ရှိတယ်…တစ်ချို့တွေကတော့ အာရုံတစ်မျိုးနဲ့ခံစားကြတယ်ပေါ့လေ…သို့ပေမယ့် ဒီလိုဇာတ်အိမ်ကောင်းကောင်း ပွင့်လင်းမြင်သာတဲ့အခန်းပေါင်းများစွာပါဝင်ဇာတ်ကားတွေကတော့လက်ချိုးရေလို့ရပါတယ်…ဒီစာရင်းထဲမှာ Sex and Lucía(2001) ဇာတ်ကားကို မဖြစ်မနေထည့်သွင်းရမယ်လို့ထင်ပါတယ်…ဆုပေါင်း(၁၀)ဆုရရှိခဲ့သလို ဆန်ကာတင်(၁၇)ခုစာရင်းလည်းဝင်ခဲ့ပါတယ်…ဒီကားက အထက်မှာပြောခဲ့သလိုပဲ (21+)ခန်းတွေနဲ့အနုပညာမြောက်စွာပုံဖော်ထားပါတယ်…ကိုင်း အနုပညာမြောက်စွာခံစားတတ်တဲ့သူမျိုးတွေအတွက် ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါသည်…
Crd ChannelMyanmar
Various lives converge on an isolated island, all connected by an author whose novel has become inextricably entwined with his own life.