
–
Q ဌာနပရိတ်သတ်တွေအတွက် ဒုတိယကားတင်ဆက်ပေးလိုက်ပါပြီဗျာ။ပထမကားမကြည့်ရသေးတဲ့လူတွေလည်း The Keeper ofLost Causes ဆိုပြီး ရိုက်ရှာလို့ရပါတယ်။ ပထမကားကြည့်ထားမှဒီ Q ဌာန ဘယ်လိုဖြစ်လာသလဲ သိမှာမို့လို့ပါ။ ကဲ ဒုတိယကားမှာတော့ပထမဆုံးအမှု အောင်မြင်ထားတော့ Q ဌာနကို ချီးကျုးနေကြပြီပေါ့လေကားလ်နဲ့ အာဆတ်တို့လည်း အတွင်းရေးမှူးအသစ် ရိုစ့်ဆိုတာကိုအဖွဲ့ထဲခေါ်လိုက်ကြတယ်။ ဒီလိုနဲ့တစ်ရက် ဌာနပါတီအပြီး ကားလ်အပြန်လူတစ်ယောက်က သူ့သားသမီးအမွှာလေး အသတ်ခံရတဲ့ကိစ္စကားလ်ဆီကို ပို့ထားတာ မကြည့်ပေးဘူးလား ဘာလား ဇွတ်ပြောတော့ကားလ်က မောင်းထုတ်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူကြီးကိုယ့်ကိုကိုယ်သတ်သေသွားကြောင်း ကားလ်သိလိုက်ရပြီးဒီလူဟာ အရင်တုန်းက ရဲအရာရှိဖြစ်ကြောင်း လွန်ခဲ့တဲ့ အနှစ် ၂၀လောက်က သူ့သားနဲ့သမီး အသတ်ခံရတာကို စုံစမ်းပြီး အငြိမ်းစားယူထားကြောင်း သိရတဲ့အပြင် ကားလ်ဆီကိုပို့ဖို့ အထုပ်ကြီးပြင်ထားတာကိုပါ တွေ့လိုက်ရပါတယ်။ ဒါနဲ့ ကားလ်တစ်ယောက် ဒီအမှုကိုလိုက်ကြတဲ့အခါ ဒီနှစ်လောင်းပြိုင် လူသတ်မှုဆိုတာက ပင့်ကူအိမ်ထဲကအမျှင်တစ်မျှင်သာ ဖြစ်နေတာကို တွေ့ရှိရပြီး လွန်ခဲ့တဲ့ အနှစ် ၂၀ ကဖုံးကွယ်ထားတဲ့ ရက်စက်တဲ့နောက်ကြောင်းတွေ ပေါ်လာပါတော့တယ်။ဂရစ်ဖင်ဟွန်းဆိုတဲ့ ဘော်ဒါကျောင်းမှာ ဘာတွေဖြစ်ခဲ့ကြသလဲ၊တနင်္ဂနွေဆိုတာကရော ဘာသက်ရောက်မှု ရှိတာလဲ၊ ကင်မီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲ စသဖြင့် မေးခွန်းပေါင်းများစွာနဲ့နောက်ထပ် သပွတ်အူအမှုကို ကားလ်တို့ ၃ ယောက်သား စွန့်စွန့်စားစားဉာဏ်သုံးအဖြေရှာကြတာကို ဇိမ်ရှိရှိ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ ပထမကားလို တရားခံကို နောက်ဆုံးမှ ပြတာမဟုတ်ပဲအစကတည်းက ပြပြီး ဘယ်လို တစ်ဖက်နဲ့ တစ်ဖက် ဉာဏ်ကစားကြမလဲကြည့်ရမှာပါ။ ဒီကားမှာတော့ မုဒိမ်းမှုတွေပါ ပါဝင်တဲ့အပြင် ပြထားတဲ့ရိုက်ကွက်တွေလည်း ခပ်ရှင်းရှင်းဖြစ်တဲ့အတွက် ကြည့်ရှုသူများအဖို့သတိပြုစေလိုပါတယ်ဗျ။
Denmark, 2014. A former police officer asks Carl Mørck, head of Department Q, to find out who brutally killed his young twins in 1994. Although a local inhabitant confessed and was convicted of murder, Carl and his partner Assad soon realize that there is something in the case resolution that is terribly wrong.