
–
ယခုတစ်ခေါက်သိပ္ပံဇာတ်လမ်းကောင်းလေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ –ဇီဝဗေဒပါမောက္ခ စုလိယဟာ နိုင်ငံခြားမှာ ရေမိစ္ဆာကြီးက တျန်းချစ်မြစ်မှာပေါ်ပေါက်လာကြောင်း သတင်းရခဲ့တယ်။ ထိုရေမိစ္ဆာကြီးနဲ့ ပျောက်ဆုံးသွားတဲ့သူမအဖေတို့ အဆက်အနွယ်တချို့ရှိမယ်လို့ ခံစားမိခဲ့တယ်။သူမအဖေ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကို ရှာဖွေရန်သူမတစ်ယောက်တည်း အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ ရွာကို ရောက်လာခဲ့တယ်။ထိုရွာမှ ရွာသားတွေက သူတို့ရွာမှာ အပန်းဖြေစခန်း တည်ဆောက်ရန်ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နေတာ ဖြစ်တဲ့အတွက် ရေမိစ္ဆာအကြောင်းစုံစမ်းသူများကို ဆန့်ကျင်ခဲ့တယ်။ သူမ ရွာထဲဝင်တာနဲ့ အမှောင်ခန်းထဲမှာ အဖမ်းခံလိုက်ရတယ်။ထိုအမှောင်ခန်းထဲမှာ မထင်မှတ်ထားပဲ သူမရဲ့ သူငယ်ချင်းဖြစ်သူစန်းဟားနဲ့ ချန်လုံတို့ကို တွေ့ခဲ့တယ်။ သူတို့တတွေဟာ နယ်မြေတစ်ခုငြိမ်းချမ်းစေဖို့အတွက် အဆင့်မြင့်အတိုင်းအတာ ပတ်ဝန်းကျင်အပေါ်နားလည်မှုနဲ့ အချိန်ခရီးသွားခြင်း ဟာကွက်တွေကို အသုံးချပြီးရေမိစ္ဆာနဲ့ ပြင်ပအန္တရယ်များကို တိုက်ခိုက်ခဲ့ပါတယ်။သူတို့တတွေ ရေမိစ္ဆာကြီးကို နှိမ်နင်းနိုင်ပါ့မလား……ထိုရေမိစ္ဆာကြီးကလဲ လိယရဲ့ အဖေနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ပါနော်။