
“ကနဦး ဒေါ်လာ ၁သိန်း အရင်လိုချင်တယ်…ပြီးရင်အလုပ်ချိန် ၁နာရီ ကို ဒေါ်လာ ၅၅၀အမှုစပြီးကြားနာရင် ဒေါ်လာ ၁၀၀ ထပ်တိုးမယ်” ဒါကတော့ ရှေ့နေမစ်ခ်ရဲ့ အမှုတစ်ခုအတွက်ပျမ်းမျှအခကြေးငွေပဲ….ပိုက်ဆံချေမယ်ပြောပြီး ငွေမရသေးရင် တရားရုံးတင်တဲ့ရက်ကိုရွှေ့ပစ်တဲ့ရှေ့နေတစ်ယောက်…သူကဘိန်းရာဇာလိုကောင်တွေနဲ့တောင်အလုပ်လုပ်တဲ့သူ…သူ့မှာသိပ်တော်တဲ့အလွတ်တန်းစုံထောက်တစ်ယောက်ရှိသလိုနယ်ပယ်အသီးသီးက သတင်းအတိအကျရယူပေးနိုင်တဲ့အဆက်အသွယ်တွေလည်းရှိတယ်…ဒီလောက်ဆိုမစ်ခ်ဆိုတဲ့ရှေ့နေဟာ ဘယ်လိုဆရာကျနေမလဲသိလောက်ပါပြီ…ဒီလိုနဲ့တစ်နေ့မှာ မစ်ခ် ဟာ… လူကုံထံသူဌေးသား တစ်ယောက် မုဒိမ်းမှု၊လူရိုက်မှုတွေနဲ့ အစွပ်စွဲခံထားရတဲ့ အမှုကို ကူညီပေးဖို့သဘောတူလိုက်တယ်…အဲ့ဒီမှာ သောက်ကျိုးနည်းပြဿနာတွေ တသီကြီး စပါတော့တယ် ….ဒီကားက မင်းသားကြီး Matthew McConaughey အဓိကသရုပ်ဆောင်ထားတဲ့ကား…ဒီလိုစရိုက်မျိုးတွေဆို အပိုင်နိုင်ဆုံးလို့တောင်ဆိုရမယ်..ဇာတ်လမ်းက အရမ်းမိုက်သလိုအစမှအဆုံးထိ ဆွဲဆောင်မှုရှိလွန်းတယ်….လက်မလွှတ်သင့်တဲ့ နင်းကန်ကောင်းတဲ့ကားမို့ကြည့်ကြပါလို့ညွှန်းလိုက်မယ်…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ်…
A lawyer conducts business from the back of his Lincoln town car while representing a high-profile client in Beverly Hills.