
The Misfits (2021)သူခိုးလူလိမ်ကားကြီးတစ်ကား လာပါပြီဗျာ။ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့စ်ဘရိုနန် ဦးဆောင်ပါဝင်ထားပြီးJamie Chung တို့ Hermione Corfield တို့လို အချောလေးတွေနဲ့ ဝန်းရံထားတာပါ။နည်းနည်းဟာသဆန်တော့ အရမ်းကြီးတော့ သဘာဝမကျဘူးပေါ့။ဒါပေမယ့် ကြည့်ကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကိုဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုကသူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ….
After being recruited by a group of unconventional thieves, renowned criminal Richard Pace finds himself caught up in an elaborate gold heist that promises to have far-reaching implications on his life and the lives of countless others.