
ဒီတစ်ခေါက်တော့အသစ်ထွက်ရှိတဲ့ကိုရီးယားဟာသကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Odd Family: Zombie on Sale (2019)ပါ။အသေရယ်ရတဲ့ ဒီကားလေးမှာ နာမည်ကြီးသရုပ်ဆောင်ကောင်းတွေဖြစ်တဲ့Kim Nan Gil, Jung Jae Young, Park In Hwanစတဲ့သရုပ်ဆောင်ကောင်းတွေက ပါဝင်ထားပါတယ်။Rating တွေ အနေနဲ့ ကလဲ Rotten Tomatoes 85% တောင်ရရှိထားတာမို့ ကိုရီးယားကားနှစ်သက်သူ ၊ဟာသကားတွေကိုမျှော်လင့်နေတဲ့CM ပရိသတ်ကြီးအတွက်ကတော့အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ တင်ဆက်ပေးလိုပါသေးတယ်။ဘူဆန်ဆိုတာ ဆိုးလ်မြို့နဲ့ အလှမ်းကွာပြီးတော့ ဝေးလံခေါင်ဖျားတဲ့မြို့လေးတစ်မြို့ပါ။တစ်နေ့တော့ နိုးအင်ဆူလင်ဆိုတဲ့ ဆီးချိုဆေးတစ်မျိုးကြောင့်လူသားတွေမှာ ဇွန်ဘီနဲ့ တူတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာတယ်လို့ကောလဟာလတွေထွက်လာပါတယ်။အဲဒီ ဆေးကုမ္ပဏီကလဲ တိတ်တဆိတ် လူသားတွေကိုစမ်းသပ်နေတယ်လို့လူတွေပြောလာကြပါပြီ။အဲ့ဒီ ကုမ္ပဏီကနေ ဇွန်ဘီတစ်ကောင်လွတ်လာပြီးရွာထဲကိုဝင်လာရာကနေ ဇာတ်လမ်းကစပါတယ်။ရွာထဲကိုရောက်နေတဲ့ ဇွန်ဘီဟာ ပတ်မျိုးနွယ် အဖိုးကြီးကိုကိုက်လိုက်ပါတော့တယ်။အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်မလဲ?ပတ်မျိုးနွယ် အဖိုးကြီးမှာလဲမိသားစုကရှိနေပါသေးတယ်။အဲဒီမိသားစုရယ် ဇွန်ဘီရယ် ထိပ်တိုက်ဆုံကြတဲ့အခါ…ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ စိတ်ဝင်တစား ရယ်ရင်းမောရင်း ကြည့်ရမယ့်ကားပါ။
When a pharmaceutical company’s illegal experiments inadvertently create a zombie, the strange Park family finds it and tries to profit from it.