
Up To Date EP13
ကွိုင့်က မိသားစုပိုင်ခြံလေးမှာ ရော်ဘာပင်တွေစိုက်ဖို့ ငယ်ကတည်းက စိတ်ကူးလာခဲ့တဲ့ မိန်းမငယ်လေးတစ်ယောက်ပါဒါပေမဲ့ ကွိုင့်အဖေက ခြံကိုသူဌေးချိတ် ဆီမှာ ဘတ်၃သိန်းနဲ့ပေါင်ခဲ့တာမို့ အကြွေးမဆပ်အတိူးမပေးနိုင်ရင် သိမ်းခံရပြီးစိတ်ကူးအိပ်မက်လေးကလည်းပျက်စီးသွားရမှာဖြစ်နေပါတယ်ဒရင်ကတော့ ရော်ဘာစက်ရုံပိုင်ရှင်သူဌေးလေးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီနဲ့စာချုပ်ချုပ်ထားတဲ့ရော်ဘာခြံက စျေးတင်ရောင်းတာမို့ ကိုယ်ပိုင်ခြံဝယ်ယူဖို့ကြိုးစားနေသူပါဒရင်ဝယ်ယူဖို့ရှာဖွေမိထားတဲ့ခြံက ကွိုင့်ရဲ့ခြံဖြစ်လာတဲ့အခါ..
မိခင်ဖြစ်သူအတွက်ရော သူမရဲ့အိပ်မက်အတွက်ပါ ကွိုင့်က ရော်ဘာခြံကို လက်မလွှတ်ပေးနိုင်တဲ့အခါကွိုင့်ကပဲ ခြံကိုပြန်ရွေးနိုင်မလားဒရင်ကပဲ ခြံကိုဝယ်နိုင်သွားမလဲပြိုင်ဘက်တွေဖြစ်လာခဲ့တဲ့ ဒရင်နဲ့ကွိုင့်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှုကြရအောင် ။