
Up To Date EP03
ပုရိသတိုင်းရဲ့အသည်းစွဲ ညို့မင်းသမီး Alexandra Daddarioရဲ့Mystery Drama seriesဖြစ်တဲ့ Mayfair Witches season 1ထွက်ရှိလာပါပြီ။ ဒီseriesဟာ စာရေးသူ Anne Riceရဲ့Mayfiretrilogyထဲက ပထမစာအုပ်ကို အသက်သွင်း ရိုက်ကူးထားတာပါ။အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထွက်ရှိမှာဖြစ်ပြီး လက်ရှိ IMDbက8.0ရရှိထားပါတယ်။Daddarioဟာ ဒီဇာတ်လမ်းထဲမှာ အာရုံကြောခွဲစိတ်ဆရာဝန် ရိုဝင်ဖီးဒင်းအဖြစ် ပါဝင်ထားပါတယ်။ ရိုဝင်မှာ ပြဿနာတစ်ခုရှိနေခဲ့ပြီးအဲဒါကတော့ ဒေါသထွက်လာချိန်တိုင်း သူ့ရဲ့စိတ်နဲ့ တစ်ဖက်လူကိုသတ်မိနေတဲ့ ကိစ္စပါ။ ရိုဝင်ကိုယ်တိုင်ကလည်း မကောင်းတဲ့အစွမ်းပိုင်ရှင် မကောင်းဆိုးဝါးတစ်ဦးအဖြစ် စတင်တွေးမိလာပါတယ်။တစ်ချိန်တည်းမှာပဲ ရိုဝင်ဟာသူ့ကိုယ်သူ မွေးစားသမီးမှန်းသိနေလို့ဒီအစွမ်းဟာ သူ့မိဘအရင်းတွေဆီက ဆက်ခံခဲ့တာလား၊ သူ့ရဲ့မိဘအရင်းအချာတွေက ဘယ်သူတွေဖြစ်မလဲဆိုတာကို သိချင်လာပြီးအပူတပြင်းရှာဖွေရင်း မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ကျိန်စာတစ်ခုနဲ့ အလွန်နီးစပ်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပါတော့တယ်။ရိုဝင်ရဲ့မကောင်းတဲ့စိတ်စွမ်းအင်က ဘယ်လိုကြောင့်ဖြစ်လာတာလဲ၊သူ့မိဘအရင်းတွေက ဘယ်သူတွေဖြစ်မလဲ၊ ဘာကိစ္စကြောင့် သူ့ကိုစွန့်ပစ်ခဲ့တာလဲ၊ သူတို့ကြုံခဲ့ရတဲ့ကျိန်စာက ဘယ်လောက်ဆိုးရွားလဲထိုကျိန်စာဆိုးကို ရိုဝင်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာအပတ်စဉ် စောင့်မျှော်ကြည့်ရှုသွားရမှာပါ။
An intuitive young neurosurgeon discovers that she is the unlikely heir to a family of witches. As she grapples with her newfound powers, she must contend with a sinister presence that has haunted her family for generations.