
Up To Date EP04
ဒီဇာတ်ကားလေးကတော့ တစ်နှစ်ကို စာသင်ကြားရင်း ၁ထရီလီယံ ရှာနိုင်လို့ “၁ ထရီလီယံတန် အမျိုးသား”လို့တောင်တင်စားကြပြီးတော့ပုဂ္ဂလိကပညာရေးလောကရဲ့ BTSလို့တောင် ဆိုနိုင်တဲ့ အရမ်းကို တော်ပြီးနာမည်ကျော်ကြားတဲ့ ဆရာတစ်ယောက်နဲ့ ယခင်က နိုင်ငံ့လက်ရွေးစင် လက်ပစ်ဘော ကစားသမားဖြစ်ခဲ့ပြီးတော့ လက်ရှိမှာတော့“နိုင်ငံ့လက်ရွေးစင် အရံဟင်း”ဆိုတဲ့ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်နေတဲ့အမျိုးသမီးတစ်ဦးအကြား ကြည်နူးဖွယ် ဝမ်းနည်းဖွယ်တွေ ရောနှောနေကြတဲ့အချစ်ဇာတ်လမ်းလေးကို နောက်ခံထားပြီး ဖန်တီးထားပါတယ်..ပုဂ္ဂလိကပညာရေးနယ်ပယ်မှာ BTS လောက်နီးနီး ရေပန်းစားတဲ့ Choi Chi Yeolက အလုပ်လည်းအလွန်ကြိုးစားပြီးတော့ စာသင်ကြားရာမှာလည်းကျောင်းသားတွေရဲ့ အာရုံကို ဆွဲဆောင်ပြီး သင်ကြားတတ်တဲ့ ဆရာတစ်ယောက်ဖြစ်တယ်…လူအများကြားမှာ နာမည်ကျော်ကြား ရေပန်းစားတဲ့ဆရာတစ်ယောက်အဖြစ် ကြွယ်ဝချမ်းသာမှုတွေ ကျော်ကြားမှုတွေ တိုးလာသလောက် လူတွေကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့သူတွေလိုခပ်တန်းတန်းပဲ ဆက်ဆံတတ်လာတယ်ဒီလို နာမည်ကျော်ဆရာတစ်ယောက်နဲ့ စိတ်လှုပ်ရှားလွယ်တဲ့ စားသောက်ဆိုင် ပိုင်ရှင်အမျိုးသမီးတို့ဆုံတွေ့ကြတဲ့အခါမှာ ဘယ်လို ခါးသက်သက် ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်..
A mother with a heart of gold navigates the cutthroat world of private education when her daughter tries to join a celebrity math instructor’s class.