
Up To Date EP07 Complete
“တကယ်ပျောက်နေတာ ဘယ်သူလဲ”“သူတို့က တစ်ယောက်တည်းလား?”“သတိပေးစာတွေက ဘယ်သူလုပ်နေတာလဲ?”ဒါတွေကတော့ Echoes စီးရီးရဲ့ အပိုင်းတိုင်းမှာ လူမေးအများဆုံးမေးခွန်းတွေပါ။ ကြည့်ရှူသူတွေရော translator တွေပါ ခေါင်းခြောက်ရတဲ့ ရှုပ်ထွေးတဲ့ ဇာတ်အိမ်မျိုးမို့ အဖြေရှာရတာ ကြိုက်တဲ့သူတွေဆိုရင် ဒီစီးရီးကကြည့်ကိုကြည့်သင့်ပါတယ်။ဇာတ်လမ်းအညွှန်း –ဂျီနာ နဲ့ လန်နီ တို့က အက်ခိုးတောင်မှာ မွေးဖွားကြတဲ့ အမြွှာညီအစ်မနှစ်ဦးပါ။ ဂျီနာက အိမ်ထောင်ကျပြီးနောက် အယ်လ်အေမှာပဲ ပြောင်းရွှေ့နေထိုင်နေတဲ့သူဖြစ်ပါတယ်။ လန်နီကတော့ အက်ခိုးတောင်မှာပဲမြင်းမွေးမြူရေးစခန်းတွေဆောက်ပြီး မိသားစုဘဝလေးကို တည်ထောင်ထားတဲ့သူပါ။ တစ်ရက်မှာတော့ လန်နီတစ်ယောက် မြင်းအိမ်ထဲကနေရုတ်တရက်ပျောက်ဆုံးသွားပြီး အစရှာမရ ဖြစ်သွားခဲ့ပါတယ်။လန်နီ့ကို ရှာဖို့ ဂျီနာ အိမ်ကို ပြန်လာခဲ့ပြီးနောက်မှာ တစ်စစီဖျက်ဆီးခံထားရတဲ့ အရုပ်မတွေနဲ့ ထိတ်လန့်ဖွယ် ခြိမ်းခြောက်မှုတွေ စတင်ကြုံတွေ့ရပါတော့တယ်။ မူမမှန်တာတွေကို ခံစားမိနေပေမဲ့ ဘယ်သူ့ကိုမှ အားကိုးလို့မရတဲ့ ဂျီနာအတွက်တော့ ကိုယ်တိုင်ပဲ ပဟေဠိတွေကို ရှာဖွေသွားရပြီးအဖြစ်အပျက်တွေကိုကျော်လွှားရတော့မှာပါ။ ပရိသတ်တွေအကြိုက်ဖြစ်စေမယ့် စီးရီးမို့ အပိုင်းအားလုံးကိုတစ်ပြိုင်တည်းတင်ဆက်ပေးလိုက်ပါပြီ။
Identical twins Leni and Gina have secretly switched places for years. But when one sister disappears, both of their lives start to fall apart.