
Up To Date S04EP03
Heart Signal ဆိုတာ တောင်ကိုရီးယား Channel A က ထုတ်လွှင့်ပြသတဲ့ reality show တစ်ခုဖြစ်ပါတယ်။၂၀၁၇ မှာ Season 1 ကိုစတင်ထုတ်လွှင့်ခဲ့ပြီး၂၀၁၈ ၂၀၂၀ တို့မှာ Season 2,3 အသီးသီးတို့ကိုထုတ်လွှင့်ခဲ့ပါတယ်။ဒီရှိုးရဲ့ ပုံစံကတော့ Single ဖြစ်နေတဲ့ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေကိုSignal House လို့ခေါ်တဲ့ အချက်ပြစံအိမ်ကြီးထဲမှာ အတူတူတစ်လတိတိ နေခိုင်းမှာဖြစ်ပါတယ်။စံအိမ်ကြီးထဲမှာ တူတူနေရင်း မိမိစိတ်ဝင်စားတဲ့သူနဲ့ အတွဲတွေဖြစ်အောင် ကြိုးစားကြရမှာပါ။အချက်ပြစံအိမ်ကြီးမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေလည်းရှိပါတယ်။စည်းကမ်းချက်တွေအားလုံးထဲမှာမှ အဓိကစည်းကမ်းချက်နှစ်ခုရှိပါတယ်။တစ်ချက်က ပါဝင်တဲ့လူငယ်တွေဟာ တစ်နေကုန်လုပ်စရာရှိတာလုပ်ပြီးရင်ညဘက်အချက်ပြစံအိမ်ကြီးဆီကိုပဲ ပြန်ရပါမယ်။နောက်တစ်ချက်ကတော့ ညတိုင်း ၁၂ နာရီထိုးတာနဲ့ကိုယ်သဘောကျတဲ့ သူဆီကို အမည်မသိ message တစ်စောင်ပို့ရပါမယ်ဒါပေမယ့် ကိုယ်သဘောကျနေကြောင်းကို တိုက်ရိုက်သိသာအောင်တော့ ပြောလို့မရပါဘူး။သူတို့ရဲ့ တစ်နေ့တာ ဖြတ်သန်းတဲ့ ဗီဒီယိုကိုကြည့်ပြီးတော့ဘယ်သူကဘယ်သူ့ကို စာပို့မလဲဆိုတာ ခန့်မှန်းမယ့် အကဲဖြတ်ဒိုင် panelists တွေလည်းပါပါသေးတယ်။အခု Season 1 မှာ စစချင်း ယောကျ်ားလေး ၃ ယောက်၊မိန်းကလေး ၃ ယောက်နဲ့စတင်ခဲ့ပြီးနောက် episode တွေမှာ အသစ်ဝင်လာတဲ့ ယောကျ်ားလေး ၁ ယောက်၊မိန်းကလေး ၁ ယောက်စုစုပေါင်း၈ ယောက်ပါဝင်ခဲ့ကြပါတယ်။အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ကြား နယ်ပယ်အသီးသီးက လူငယ်တွေရဲ့ အချစ်ရေးရာတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ယောကျ်ားလေးတွေကတော့– Jang Cheon , Kang Sung Wook , Seo Joo Won , Yoon Hyeon Chan တို့ဖြစ်ကြပြီးမိန်းကလေးတွေကတော့– Bae Yoon Kyung , Kim Se Rin , Seo Ji Hye , Shin A Ra တို့ပဲဖြစ်ပါတယ်။
Panelist တွေကတော့
– အဆိုတော်တေးရေးဆရာ Lee Sang Min ၊
– တေးရေးဆရာမ Kim Eana ၊
– စိတ်ပညာဆရာဝန်တစ်ယောက်ဖြစ်သလို ဖျော်ဖြေတင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Yang Jae Woog ၊
– အဆိုတော်တေးရေးဆရာ Yoon Jong Shin ၊
– Wellesley College ကနေ စိတ်ပညာမေဂျာနဲ့ကျောင်းပြီးခဲ့တဲ့ မော်ဒယ် Shim So Young နဲ့
– Super Junior အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Shin Dong Hee တို့ပဲဖြစ်ပါတယ်။
Heart Signal ဆိုတဲ့နာမည်အတိုင်း နှလုံးသားရဲ့ အချက်ပြမှုတွေကိုရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့်အပြင် Cast Member တွေကလည်း အကုန်အချောလေးတွေကြီးပါပဲ။
A cohabitation of young men and women begin at Signal House where filled with rosy expectation of love and romance blooms. The “Predictors” with vast experiences in dating and love will detect potential lovers in the Signal House. The most exhilarating love game begins now.