
Up To Date EP10
1989 ခုနှစ်လောက်က ကျော်ကြားခဲ့တဲ့ Quantum Leap ဆိုတဲ့ series လေးကတော့ယခု 2022 ခုနှစ်မှာ sequel ထွက်လာပါပြီ။နှစ်ပေါင်း ၃၀ကျော်ကြာမှ ထွက်လာတဲ့ sequel ပေမဲ့ဇာတ်ကောင်အသစ်တွေနဲ့ သွေးသစ်လောင်းထားတာမို့ ခုက စကြည့်လည်း အဆင်ပြေပါတယ်။ဇာတ်လမ်းကတော့ Quantum Leap ဆိုတဲ့ အတိုင်း အချိန်ခရီးသွား ဇာတ်လမ်းပါပဲ။တခြားအချိန်ခရီးသွား ဇာတ်လမ်းတွေနဲ့ မတူတာကဇာတ်ကားမှာ ခရီးသွားရတာက တခြားသူရဲ့ ခန္ဓာကိုယ်ထဲရောက်သွားတာပဲ။ဒါကို leap(ခုန်)တယ်လို့ ခေါ်ပါတယ်။မူလအချိန်ပြန်ရောက်ချင်ရင်တော့ ကိုယ်ဝင်နေတဲ့ ခန္ဓာကိုယ်အတွက်ကောင်းတာ တစ်ခုခု လုပ်ပေးနိုင်မှ ပြန်ရောက်မှာ ဖြစ်ပါတယ်။ဒီလို စက်အဆန်းကြီးကို တီထွင်တာက ဒေါက်တာ ဆမ်ဘက်ကတ်ပဲ ဖြစ်ပါတယ်။ဒါပေမယ့် သူဟာလည်း လွန်ခဲ့တဲ့ အနှစ်၃၀ က အဲ့စက်မှာ ခရီးသွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့တာပါ။ခု ၂၀၂၂ ခုရောက်တော့ ရူပဗေဒပညာရှင် ဒေါက်တာ ဘန်ဆုန် ဦးဆောင်တဲ့ အဖွဲ့အသစ်ကဒီစက်ကို နည်းပညာအသစ်တွေနဲ့ အဆင့်မြှင့်တင် မွမ်းမံနေကြပါတယ်။သူတို့တွေ မွမ်းမံနေတုန်းမှာပဲ တစ်ညမှာ ဒေါက်တာဘန်ဆုန်တစ်ယောက် မှော်ဆန်ဆန်ပဲ အချိန်ခရီးသွား ခုန်မိပြီးအတိတ်က ၁၉၈၅ခုနှစ်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားပါတယ်။ဒါကို သူ့ရဲ့စေ့စပ်ပြီးခါစ ချစ်သူလေးဖြစ်တဲ့ အက်ဒီဆင်က သူ့အတွက် ကူညီလုပ်ကိုင်ရင်းနဲ့
သူတို့သံယောဇဥ်တွေ ခိုင်မြဲလာပီး ဒေါက်တာဘန်ဆုန်တစ်ယောက် သူ့ချစ်သူရှိတဲ့ ၂၀၂၂ ကိုပဲ ပြန်လာနိုင်မလားဒါမှမဟုတ် Quantum Leap စက်ကို တီထွင်ခဲ့တဲ့ ဒေါက်တာဆမ်ဘက်ကတ်လိုပဲအတိတ်မှာပဲ ပိတ်မိပီးပျောက်သွားမလားဆိုတာ ကြည့်လိုက်ကြရအောင်ဗျာ။
It’s been 27 years since Dr. Sam Beckett stepped into the Quantum Leap accelerator and vanished. Now a new team has been assembled to restart the project in the hopes of understanding the mysteries behind the machine and the man who created it.