
Up To Date EP35
ဂင်ထယ်ဂျူ၊ ဂင်ဆိုရင်း၊ ဂင်ဂွန်းအူတို ၃ယောက်က ဂင်မိသားစုမျိုးဆက် မောင်နှမ ၃ ယောက်ဖြစ်ပါတယ်။ သူတို့ထဲမှာ အကြီးဆုံးကတော့ ဂင်ထယ်ဂျူပေါ့။ ဂင်ထယ်ဂျူက ကြင်နာတတ်ပြီး သည်းခံတတ်ပေမယ့် ဒေါသကြီးတဲ့သူတစ်ယောက်ပါ။ သူမ မကြိုက်တဲ့လူတွေနဲ့ဆိုရင်တော့ ဆက်ဆံရေးကို ရေရှည်မထိန်းထားဘဲ ဖြတ်ပစ်တတ်ပါတယ်။ တစ်နေ့မှာ တော့ ဂင်ထယ်ဂျူတစ်ယောက် နှစ်ပေါင်းများစွာဝေးကွာပြီးမှ သူမနဲ့ မူလတန်းကျောင်း အတူတူတက်ခဲ့တဲ့ အီဆန်းဂျွန်းနဲ့ ပြန်တွေ့ခဲ့ပါတယ်။အီဆန်းဂျွန်းက နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ သူက စိတ်ဆတ်လွယ်ပြီး စိတ်ကူးယဉ်ဆန်သလို ဉာဏ်လည်းအရမ်းကောင်းပါတယ်။ အီဆန်းဂျွန်းကလည်း သူ့မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိသားစုရဲ့ သည်းသည်းလှုပ်ချစ်ခြင်းကို ခံခဲ့ရပါတယ်။ အောင်မြင်လာတဲ့ မင်းသားတစ်ယောက်ဖြစ်လာတော့လည်း မိသားစုရဲ့ အကြွေးတွေကို ဆပ်ပေးခဲ့တယ်။တစ်ရက်မှာတော့ ရိုက်ကွင်းမှာ ဒဏ်ရာရလို ဆေးရုံတက်ခဲ့ရတယ်။ အဲဒီဆေးရုံမှာပဲ သူ့နဲ့ မူလတန်းကျောင်းသားအရွယ်ကတည်းက သိခဲ့တဲ့ သူ့အချစ်ဦး ဂင်ထယ်ဂျူနဲ့ ပြန်လည်တွေ့ဆုံခဲ့ကြတဲ့အခါ …မိသားစုတာဝန်ကိုထမ်းဆောင်ရတဲ့ အကြီးဆုံးသားသမီးတွေ အချစ်ဦးနဲ့ ပြန်လည်တွေ့ဆုံပြီးနောက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရိုက်ကူးထားတဲ့ မိသားစု ဒရာမာဖြစ်တဲ့ Three Siblings Bravely ဆိုတဲ့ ဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြစို့နော်။
The K-eldest-son and K-eldest-daughter meet while sacrificing themselves in search of happiness and love.